ရုပ်သဘာဝ ရှင်းတမ်း - ဆရာဦးကေသာဦး

တရားထိုင်တော့မယ်ဆို စိတ်ကို တည်ငြိမ်အောင် ဖမ်းရတယ်။ သေခါနီးသူကလည်း စိတ်ကို တည်ငြိမ်အောင် ဖမ်းရတယ်။ ပျာယာခတ်နေတဲ့စိတ်နဲ့ သေခါနီးဆို အပါယ်ကျတယ်။ တရားထိုင်တယ် ဆိုတာ တည်ငြိမ်တဲ့စိတ်ကို လျင်မြန်စွာ ဥာဏ်နဲ့ဖမ်းတတ်တဲ့ ကျေးဇူးက ဘယ်အချိန် ဘယ်ကာလမဆို ချမ်းသာတယ်။ လောကထဲမှာ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး မျိုးစုံသော အရေးပေါ်မှာ ပူလောင်နေတဲ့ အရေးကိစ္စတွေ ကိုယ့်ရဲ့ပူလောင်နေတဲ့စိတ်တွေ လျင်မြန်စွာ ဥာဏ်နဲ့ဖမ်းတော့ ငြိမ်သွားတယ်။ အင်တာဗျူးတွေ၊ လူကြီးတွေနဲ့ တွေ့ရတော့မယ်၊ အထက်ကပုဂ္ဂိုလ်တွေနဲ့ တွေ့ရတော့မယ်၊ အဲ့ကျရင်လည်း ကြောက်စရာ မရှိတော့ဘူး။ စိတ်ကို ငြိမ်အောင်ဖမ်းပြီး တွေးလိုက်တာနဲ့ အစစ အရာရာ အေးဆေးပြေလည်သွားတယ်။ တရားက စောင့်ရှောက်တယ်။ တရားထိုင်တော့လည်း ဒီစိတ်ကို တည်ငြိမ်အောင်ဖမ်းပြီး ခန္ဓာထဲက ပေါ်တာတွေကို ရှူမှ သဘာဝတွေတွေ့တယ်။ သဘောတွေတွေ့တယ်။ အထင်မှားတွေ ချုပ်တယ်။ သေခါနီးပုဂ္ဂိုလ်ကလည်း တည်ငြိမ်တဲ့စိတ်နဲ့ သေရပါတယ်။ မတည်ငြိမ်တဲ့ စိတ်နဲ့ဆို ဥပါဒါန်တရား အာရုံပြုတယ်။ ပညတ်တွေကိုပဲ အာရုံပြုတယ်။ ဆင်းရဲမှုတွေပဲ ပေါ်နေတယ်။ တရားမထိုင်ခင် စောပြီး ထိုင်မယ့်နေရာလာ၊ တည်အောင် စိတ်ကိုဖမ်းထားရတယ်။ တရားမထိုင်ခင် ပြောပြတဲ့စကားကို တည်အောင်ဖမ်းတဲ့စိတ်နဲ့နားထောင်ရင် ပိုသဘောပေါက်လွယ်တယ်။ ထိုင်တဲ့အခါ ဥာဏ်ဖြစ်တယ်။ ပြောတဲ့အတိုင်းကို ရှူနိုင်တယ်။ စကားတွေ ပြောနေမယ်၊ အာရုံတွေ များနေမယ်၊ ကြောက်တဲ့စိတ်တွေပါနေမယ်ဆို အဲ့စိတ်က မငြိမ်တဲ့အတွက် ထိုင်တာ ထိုင်တာ၊ ထိုင်တဲ့အချိန်မှာ အကျိုးနည်းနေမယ်။ ဒါဆို ဘာလုပ်ရမလဲ… ထိုင်ခါနီးမှာဆိုတော့ စိတ်ကလေးကို တည်ငြိမ်အောင် ဖမ်းလို့ ကိုယ့်ဘဝင်လေးကျပြီး အေးတယ်ဆိုတဲ့အခါကျမှ ရှုရမှာ။ မှိတ်ထားတဲ့ မျက်စိနဲ့ ခန္ဓာထဲကို ကြည့်မယ်ဆို ဘဝင်တွေ မငြိမ်ဘူး၊ ခါထွက်နေတာလည်း သိတယ်၊ ဆို့နေတယ်၊ ပင့်နေတယ်၊ ကြောက်နေတယ်ဆိုတာလည်း ရှိတယ်။ အဲ့ဒီစိတ်ကလေးနဲ့ ငြိမ်သက်အောင် မှိတ်ထားတဲ့ မျက်စိနဲ့ ခန္ဓာထဲကို ကြည့်လိုက်တဲ့အခါမှာ စိတ်ကလေး တည်ငြိမ်ပြီး ဘဝင် ကျသွားတယ်၊ အေးသွားတယ်ဆိုတာ စကားလုံးပြောတာ၊ ဘဝင်ကျသွားတဲ့အခါ ပေါ့ပါးသွားတယ်။ လွတ်လပ်သွားတယ်။ တည်ငြိမ်သွားတာကို ဆိုလိုတာ။ အဲ့သဘောလေးဖြစ် ငြိမ်းချမ်းသွားတော့မှပဲ အသာလေး ခန္ဓာထဲက အရှူခံတွေကို ကပ်ပြီး ထောက်ပြီးတော့ ရှူရမယ်။
စိတ်ရဲ့ တည်ကြည်မှုကို ဥာဏ်နဲ့ယူပြီး ခန္ဓာထဲမှာ လုံတဲ့စိတ်ပေါ့။ တစ်လောကလုံး ပြန့်လွင့်နေတဲ့စိတ်ကို စုစည်းပြီးတော့ အဲ့လုံခြုံသွားတဲ့ တည်ငြိမ်တဲ့စိတ်နဲ့ ခန္ဓာထဲက ပေါ်တာကို အသာလေး တည်ရှုတာ။ ရှုတဲ့နေရာမှာ ဘာပညတ် ဘာစကားလုံးမှ မပါရဘူး။ မပါဘူးဆိုတာ ရှုကွက်မှန်နေရင် ရှိကို မရှိဘူး။ ရှုကွက်ထဲမှာ ပါလာမှာစိုးလို့ ကြိုတင်ပြီး သတိပေးတာ။ ရှုကွက်မှန်နေရင် ဘာစကားလုံးမှ မရှိဘူး၊ ဘာသဏ္ဌာန်မှ ရှိမနေဘူး။ အာရုံနဲ့ ထိနေ သိနေတဲ့ သဘောပဲရှိတယ်။ သဘောတွေကို တည်ငြိမ်တဲ့ စိတ်သမာဓိနဲ့ ပိုင်းခြားပြီး ထိုးထွင်းရှုတဲ့အခါ သံသယတွေရှင်းပြီး အရှုခံ ရုပ်တရားတွေရဲ့ သဘာဝတွေ မတည်မြဲမှု ပျော့ပြောင်းပျောက်ကွယ်သွားမှု၊ နောက်ဆုံး ခြုံလိုက်မယ်ဆိုရင် အမှုန်အမွှား နူးညံ့သိမ်မွေ့တယ်ဆိုတဲ့ သဘာဝပဲ ကျန်ခဲ့တယ်။ အထည်သဏ္ဌာန်တွေဆိုတာ ဥပါဒါန်တွေကြောင့် ဖြစ်နေတာ။ လူဆိုတာလည်း အထည်သဏ္ဌာန်ကြီး ဥပါဒါန်ကြောင့် ဖြစ်နေတာ။ သူ့ကို နေပူလှန်းလိုက်မယ် အမှုန့်ထောင်းလိုက်မယ်ဆို အမှုန်ပဲရှိတယ်။ ခန္ဓာကိုယ်က သဏ္ဌာန်ကြီးလို့ ထင်နေတာ အမှုန်တွေ ဖွဲ့စည်းထားတဲ့သဘော၊ ထိုနည်း၎င်းပဲ သက်ရှိသက်မဲ့အရာဝတ္ထုတွေလဲ ဥပမာပေးတာနော်၊ ထိုနည်း၎င်းပဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရှုခံတွေကို သမာဓိအားနဲ့ ကြည့်မယ်ဆိုရင် သတိမထားမိဘူးဆို ကြည့်မယ်ဆိုရင် ထုထည်ကြီးလိုပဲ အထည်လိုလို သဏ္ဌာန်လိုလို အတုံးလိုလို အတစ်လိုလို စူးရှ ခက်ခဲ နက်နဲနေတယ်လို့ ထင်ရတာတွေက ဥပါဒါန်တရားတွေပါ။ သဘာဝတရားတွေပါ။ သဘာဝရှိနေတဲ့ အရှုခံပေါ်မှာ ဥပါဒါန်တရားတွေနဲ့ ယှဉ်တွဲနေတာပါ။ ဒီသဘောလေးကို သိဖို့အတွက်က သမာဓိအားနဲ့ ထိုးထွင်းရှုမယ်ဆိုရင် ဂေါ်ဖီထုပ်များ အခွံခွာသလို အနှစ်အဖတ်ရှာမရဘူး။ အနှစ်မရှိတဲ့ သဘောတရားတွေကို အနှစ်ရှိတယ် ထင်ပြီးတော့မှ ကြောက်နေတာ၊ သတ်မှတ်နေတာ။ အဲ့သဘောတရား မဟုတ်မှန်းသိအောင် အခုလို သမာဓိအားနဲ့ တည်ငြိမ်စွာ ခန္ဓာထဲကို ထိုးထွင်းရှုတဲ့အခါကျတော့ လွင့်စင် ပပျောက်သွားသလို ဆိုတာကို တကယ်ရှုမှတ် တကယ်သဘောပေါက် တကယ်ရောက်သွားတဲ့ ယောဂီက ခံစားရတယ်။ ဒါတွေက အပိုလုပ်ပြီး ပြောလို့မရဘူး။ ကျင့်လာခဲ့တဲ့ တရားလမ်းကြောင်းပေါ်မှာ တွေ့လာခဲ့တဲ့ တရားသဘောတွေပါ။ တကယ် ဇွဲသဒ္ဓါရှိတဲ့ ယောဂီ အချိန်ရှည်ထိုင်တဲ့ ယောဂီက ဒါတွေကို ခံစားရတယ်။ သတ်မှတ်တဲ့အချိန်အတိုင်း ထိုင်တဲ့ယောဂီက သိပ်မျက်မှောက်မပြုဘူး။ နာရီရှည်ရှည် ကျင့်တဲ့ယောဂီတွေက အရမ်းချမ်းသာတယ်။ သူ့ရဲ့သဘောတရားတွေကို ပိုင်းဖြတ်တဲ့အသိဥာဏ် ကွက်ကွက်ကွင်းကွင်း သိရတယ်။ ပြောပြောနေတဲ့ ခြေသန်းလေးမှာ ကျန်နေတယ်၊ ခြေမျက်စိလေးမှာကျန်နေတယ် အဓိဋ္ဌာန်ပြည့်လို့ ဖြုတ်လိုက်တယ်။ ဖြုတ်လိုက်တာ အမှား။ တစ်ကိုယ်လုံး ချုပ်ပျောက်အောင် ရှုလာခဲ့ပြီးတော့မှ တစ်ကိုယ်လုံး ချုပ်ပျောက်တဲ့ သဘာဝတွေ မြင်လာခဲ့ပြီးတော့မှ သေးသေးတင်လေးကျန်တာကို လွှတ်ချပြီး အဓိဋ္ဌာန်ပြည့်လို့ ဖြုတ်တယ်ဆိုတာ ယောဂီတို့မှာ မရှင်းသွားဘူး။ အဲ့ဒီသေးသေးတင်လေးက ယောဂီတို့ကို စမ်းတာပဲ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ နူးညံ့သိမ်မွေ့သွားပါတယ်၊ သူ့သဘောလေးအတိုင်း ဖြစ်ပါတယ်၊ တစ်နေရာတည်းမှာ စူးရှပြီး ကျန်ခဲ့ပါတယ် အဓိဋ္ဌာန်ပြည့်လို့ ဖြုတ်လိုက်ရတယ်။ မဖြုတ်ရဘူး။ အဲ့ဒါလေးကို အချိန်ပေးထပ်ပြီးရှုလိုက်မယ်ဆို သံသယကင်းပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ နူးညံ့သိမ်မွေ့သွားတယ်။ ဘယ်နေရာမှ ရှာလို့မရတော့ဘူး။ အထည်သဏ္ဌာန် သဘာဝတွေ။ အမှန်တကယ်က အရှုခံ ရုပ်တရားတို့ကလည်း နူးညံ့သိမ်မွေ့တဲ့ ပေါင်ဒါမှုန့်ပမာ ဥာဏ်နဲ့ မြင်တယ်။ ဥာဏ်နဲ့ခံစားရတယ်။ အရှုခံတို့သည် ပေါင်ဒါမှုန့်ကဲ့သို့ နူးညံ့သိမ်မွေ့သွားတဲ့ အသွင်ရှိတယ်။ နူးညံ့သိမ်မွေ့တဲ့အသွင် မခံစားရတာ ဘာကြောင့်လဲဆို သမာဓိအားနည်းလို့၊ ကြောက်စိတ်ပိုလို့၊ ဥပါဒါန်တရားတွေရှိလို့။ ဒါတွေကို သိအောင် ထိုးထွင်းဖောက်ရှုမှ အရှုခံရဲ့ ဂဏကျေမှုအပေါ်မှာ ရုပ်ဂဏကျေတော့ သိမှုနာမ်တရားလေးလည်း ဂဏကျေသွားတယ်။ ရုပ်ချုပ်တော့ နာမ်ချုပ်တယ်။ ရုပ်ချမ်းသာတော့ နာမ်ချမ်းသာတယ်။ အကြောင်းအကျိုးစပ်နေတာပေါ့။ ဒါကို သိဖို့ သင်ပေးရခြင်း ဖြစ်ပါတယ်။ ယောဂီတို့အနေနဲ့ စိတ်ကို ဥာဏ်နဲ့ဖမ်း တည်အောင်ထား လုံတဲ့စိတ်နဲ့ ခန္ဓာထဲက ပေါ်တာတွေကို တည်ရှု၊ ထောက်ရှု၊ ဖောက်ရှုလို့ ပြောပြတဲ့အသံထဲမှာ ပါခဲ့တယ်။ တည်ရှု၊ ထောက်ရှု၊ ဖောက်ရှု၊ ကွင်းရှင်းရှု၊ သံသယကင်းသွားအောင်ရှု၊ ပစ္စုပ္ပန် တည့်တည့့် ပေါ်တာတွေကို ပေါ်တိုင်းသိပြီး ရှုလို့ ပြောတဲ့အခါမှာ တစ်ခါတစ်ရံကျရင် ပစ္စုပ္ပန်ပေါ်တာကို ရှုဆိုတဲ့အခါ တစ်ချို့သော ယောဂီတွေက တစ်ခုတည်းမဟုတ်ဘူး၊ အများကြီး ပေါ်နေတယ်လို့ ပြောပြန်ရော။ အဲ့အများကြီး ပေါ်တဲ့အထဲကမှ အထင်ရှားဆုံး ပစ္စုပ္ပန်တည့်တာကို ရှု။ အများကြီးကျတော့ ကြောက်သွားတယ်။ မရှုရဲဘူး။ အဲ့အများကြီးလို့ ထင်ခဲ့ရင်လည်း အထင်ရှားဆုံး ကိုယ့်ရဲ့ အာရုံနဲ့ ထိနေတဲ့ သဘောလေးကို တည်ပြီးရှု။ ဘယ်လိုရှုမလဲ.. တစ်စက္ကန့်ခြင်းပေါ်က တည်ရှု၊ ကြောက်စိတ်မပါဘဲ ရှု။ များတယ်လို့လည်း သညာမပေးနဲ့။ ပေါ်တဲ့အရှုခံ ထင်ရှားရာလေးကို ဆွဲပြီးတော့ တစ်စက္ကန့်ခြင်းက တည်ရှုရင် အကြွေးကင်းသွားလိမ့်မယ်။ သံသယရှင်းသွားလိမ့်မယ်။ ရှုမှတ်မှုတွေကြာလာရင် ရှိနေတဲ့ အရှုခံတွေပေါ်မှာ အကြွေးကင်းသွားတဲ့အတွက် ဘာလာလာ ရှုနိုင်သွားတယ်။ အရှုခံသဘာဝရဲ့ သဘောတွေ ချုပ်ပျောက်မှုကို ရှုနိုင်တာဖြစ်တဲ့အတွက် ဘာပေါ်ပေါ် ချုပ်ပျောက်အောင် ရှုနိုင်တဲ့အတွက်ကြောင့် အချိန်တစ်ခု ကြာသွားရင် ခန္ဓာကိုယ်တစ်ခုလုံးဟာ နူးညံ့သိမ်မွေ့သွားပြီး ဝါဂွမ်းကဲ့သို့ ပေါင်ဒါမှုန့်ကဲ့သို့ ဖြစ်သွားတယ်။ ဥပေက္ခာဝေဒနာရောက်သွားတယ်။ ဒါကို ရစေဖို့အတွက် ဒီရှုကွက်ကို ယောဂီတို့ကို သင်ပေးရခြင်း ဖြစ်ပါတယ်။ ဒေါင်းလုပ်ရယူရန်နှင့် နာကြားရန်

ပြိတ္တာဘဝရောက်မှနောင်တရ ဖြစ်ရပ်မှန်(Full)



တရားကျင့်ဖို့ ခေါ်ပေမဲ့မကျင့်ခဲ့လို့ ပြိတ္တာအဖြစ် ဒုက္ခဆင်းရဲ တွင်းသို့ ရောက်ရှိသွားသော တရုတ်လူမျိုး ဦးထွန်းဝင်းမှ ဝင်ပူး၍ သတိပေးသောDVD တရားတော် ။

၂ဝ၁၄ တရုတ်နှစ်သစ်ကူး အထူး( ၉ ) ရက်တရားစခန်း ဖိတ်ကြားလွှာ


မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြဝါဒ

"ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ” “ သမာဓိနဲ့ပညာ ဘောင်ချိန်ပေး ” “ ဖေါက်ပြန်တာကရုပ် ခံစားတာကနာမ် ဒီအထဲမှ ‘ငါ’ မပါ ” “ မသေခင်တော့ရှုပ် သေတော့ပုပ်၊ မကောင်းတဲ့ ခန္ဓာစုတ် ” “ အဗျာကတ ရုပ်၊ မြေကြီးသြဇာဖြစ်မဲ့ အလကားအထုပ် ” မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ ကိုက်တယ်၊ နာတယ်၊ ပူတယ်၊ အေးတယ် အစရှိသည်များသည် မရှိသောပညတ် တရားများ ဖြစ်သည်။ ထို ‘ မရှိ ပညတ်တရားများကို အရှိ ’ ထင်ကာ အယူမှား၊ အမှတ်မှားနှင့် သံသရာလဆန်းတစ်ရက်နေ့ကတည်းက နေလာခဲ့ကြတာ။
ဘိုင်စကုတ်တောင် သုံးနာရီ ကြည့်နိုင်သေးတာပဲဗျာ အပါယ်ဘေးကလွတ်အောင် သုံးနာရီတရား မထိုင်နိုင်ကြဘူးလား။ အမှန်မြင်၊ အမှန်သိနဲ့ သေနိုင်အောင် ကြိုးစားကြ။ အမှန်မြင်၊ အမှန်သိနဲ့ သေကြပြီဆိုရင် နတ်ပြည်လည်း ရောက်နိုင်တယ်။ ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။ နိဗ္ဗာန်လည်း ရောက်နိုင်တယ်။ သေခါနီးဆဲဆဲဓာတ်ကြီး လေးပါး ဖေါက်ပြန်သောအခါ “ ခံစားမှုဝေဒနာ ” ဟု ပညာသိဖြင့် မသိဘဲ၊ “ ငါနာတယ်၊ ငါကိုက်တယ်၊ ငါအောင့်တယ်၊ငါပူတယ် ” ဟု အယူမှား အမှတ်မှား သညာသိဖြင့် သေခဲ့လျှင်မုချအပ္ပါယ်လေးပါး ကျပေလိမ့်မည်။ “ နာတယ်၊ ကျင်တယ်၊ ထုံတယ်၊ ယားတယ်လို့ သိတာ လူတိုင်းသိတယ်။ ကလေးလေးလည်း သိတာပဲ။ ” ၀ိပဿနာယောဂီဆိုတာ ဒီလိုမသိရဘူး။
*** သင်သေလျှင် ဘာစိတ်နဲ့သေမည်နည်း။ ဘာတွေကိုအာရုံပြု သေမှာလဲ။ ***တရားမကျင့်လျှင် လောဘ၊ဒေါသ၊မောဟ၊မာန၊ကိလေသာစိတ်တွေနဲ့ သေပြီအပါယ်ကျရမှာပါ။ ***တရားမကျင့်ဘဲ နေသူ၊ တရားမကျင့်ဘဲ သေသူ၊ တရားကျင့်ပြီးနည်းမမှန်သူတို့အားအင်မတန်သနားမိပါသည်။ နေဖို့ရန်အချိန်မရှိတော့ဘူး။ဆရာကောင်းရှာကြပါ။ *** ကိုယ့်စိတ်ကိုယ်စစ်ပါ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲတရားအားထုတ်ခြင်းဖြင့် ဘ၀နေနည်း၊ သေနည်းကို လေ့လာဖို့ အချိန်တန်လေပြီ။
ကိုယ့်စိတ်ကိုယ်စစ် (ကမ္မဋ္ဌာန်းရိပ်သာ) မူလကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ဘုရားကြီးနှင့် ဆရာတော်ဘုရားကြီးများ၏ နည်းနိဿယများကိုခံယူကာ တရားရှင်းလင်း ပြသပေးသူ ကိုကေသာဦးသည် ၂၀၀၆ ခုနှစ်မှစ၍ အိမ်တွင်းဝိပဿနာ၊ ခန်းမ၀ိပဿနာနှင့် ယောဂီများ၏နေအိမ်၊ ဟိုတယ်နှင့် မြန်မာစားသောက်ဆိုင်တို့တွင် လှည့်လည်ကာ ခန္ဓာကိုယ်တွေ့တရားများဖြင့် ဥာဏ်မှီသ၍ တရားပြရှုပွားပုံများကို သင်ပြပေးနေပြီး၊ ယခုအခါ မလေးရှားနိုင်ငံ - ကွာလာလမ်ပူမြို့တွင် ကိုယ့်စိတ်ကိုယ်စစ် ၀ိပဿနာတရား စခန်း ကို ဖွင့်လှစ်လျှက် အများသူငါ အယူမှား - အမှတ်မှား တို့ဖြင့် အပါယ်မလားစေရန် စိတ်စေတနာကောင်းဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် public holiday တိုင်း တရားအားထုတ်ပုံကို ရှင်းလင်းပြသ သင်ကြားပေးလျှက် ရှိနေပါသည်။

ပိုမိုသိရှိလိုပါက-

Email: kotseikkosit@gmail.com
Website: သင်ဘာစိတ်နဲ့သေမည်နည်း - http://kotseikkosit.blogspot.com/ || http://www.youtube.com/kotseikkosit
ဒေါင်းလိုပါက - http://www.mediafire.com/?sa55u0uvgtal6 တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို http://www.justin.tv/kotseikkosit ကြည့်ရှုနိုင်ပါသည်။

ကိုယ့်စိတ်ကိုယ်စစ်တရားစခန်းလမ်းညွှန် နေရာ - ကိုယ်စိတ်ကိုယ်စစ်(ကမ္မဋ္ဌာန်းရိပ်သာ)။ No.18, Jalan 13/105,(near Jalan Midah 15), Taman Midah Cheras, (near Tesco), Kuala Lumpur.
လမ်းညွှန် - မက်ထရို(၆၂-၆၅) ကားကို (Mydin) ကုန်တိုက်ရှေ့ မှ စီး၍ Taman Midah မှတ်တိုင်တွင် ဆင်းပါ။ လာကြိုပေးပါမည်။
ဆက်သွယ်ရန် - ၀၁၆-၉၀၇၇၇၈၀၊ ၀၁၆-၂၀၅၅၃၃၄၊ ၀၁၂-၂၄၈၉၀၆၆၊ ၀၁၂-၂၁၇၄၈၆၅၊၀၁၂-၉၁၀၁၀၁၄၊ ၀၁၂-၉၃၁၇၆၀၇
မှတ်ချက် ။ ။ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသည် ၀င်ကြေးမရှိ - တရားအားထုတ်လိုသူများအတွက် သာသနာပြု ကုသိုလ်ဖြစ်ဖွင့်လှစ်ထားသော ရိပ်သာ ဖြစ်ပါသည်။
အစာအာဟာရများ၊ မွေ့ယာ-ခေါင်းအုံး အစစ ပြည့်စုံစွာ စီစဉ်ထားပါသည်။ MP 3 တရားစီဒီများကိုလည်း လှူဒါန်းပေးနေပါသည်။

အပတ်စဉ် တနင်္ဂနွေနေ့နှင့် Public Holiday နေ့တိုင်းတွင် တရားစခန်း ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါသည်။ တရားစခန်းမလာနိုင်သူများအတွက် skype/oovoo တို့မှ kotseikkosit အကောင့်ကို invite လုပ်၍ လည်းကောင်း တိုက်ရိုက် http://www.justin.tv/kotseikkosit Live တရားများ ကျင့်ကြံနိုင်ပါသည်။